Friday, February 12, 2016

ပြဇတ်များ (၁)


သူ့ကိုယ်သူ ရောင်းစားတဲ့ မိန်းမကို
ဘယ်တော့မှ မချစ်မိစေနဲ့ ..
ဘယ်တော့မှ ဇတ်သိမ်းမလှဘူး . . .
မင်းဒီည အနားယူပါ . .
ကိုယ့်ရဲ့ မတွန်းလှန်နိုင်ခြင်းကို မလှည့်စားနဲ့
ဒါဆို . . .
ကျမ ဟန်မဆောင်နိုင်တော့ဘူး . .
အရေးကြီးဆုံးပဲ ..
စကားလုံးများနဲ့ပြုစားသူ

ပြဇတ်ပြီးတာနဲ့ အားလုံး အဆုံးသတ်ပြီ . .
အရာ အားလုံးထက်တန်ဖိုးရှိတဲ့ ရှင်နဲ့ဝေးရာ . . .
ငါ့မျှော်လင့်ချက်က ငါ့အမှား .
သူ စိတ်နာဖို့ တခြားနည်းလမ်းမရှိဘူး ..
နောက်ထပ် အကြင်နာမဲ့လုပ်ရပ် . .
ငါတို့ဘာအတွက်လည်း။
ငါတို့ကို အာရုံစိုက်နေစေရမယ် . .
ဘာဖြစ်လို့လဲ လို့မေးရင် . .
ကျမ အိပ်မက်တွေအတွက်ပေါ့လို့ . . ။


(ရုပ်ရှင်ကား တကားမှ စကားပြောများအား ပြန်လည် ယူငင်သုံးစွဲပြုပြင်ကာ စမ်းသပ်ပြုလုပ်ပါသည်။ )
မောင်ဖုန်းမြင့်
 ၁ ဖေဖော်ဝါရီ ၂၀၁၆

စုန်း (၃)




မင်းတို့ပြောနေတဲ့ ကမ္ဘာကြီး . . .
ငါတို့ ပြောနေတဲ့ ကမ္ဘာကြီး . . .
ဤမြေပေါ်မှ အဖြစ်အပျက်များ
ငါတို့ မှော်ကြိမ်လုံးကြောင့် မဟုတ် . .
သွေးထွက်များသူရဲ့ ပြောစကားဟာ . .
မင့်ဒါဏ်ရာ လည်း ဖြစ်ချင်ဖြစ်မပေါ့..



 မောင်ဖုန်းမြင့်
၁.၂.၂၀၁၆။