Thursday, January 23, 2014

ဖင်တွေဟာ ပြည်သူ့အတွက်ပဲ


စစ်တမ်းတွေအရဆို
ဖလာတွေနဲ့ တည့်တည့်တိုးတဲ့ ပြည်သူဟာ
အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့
လေဘေးထည်ကိုစွန့်ခွာလိုက်ကြတယ်
ပြည်သူရဲ့ နွားတွေ
ဆီးဂိမ်းရဲ့ ဆီးကြောင်းအတိုင်း
ချင်းတွင်း၊ မုံရွာ အထက်
နောက်ဖေးပေါက်ကနေ ဆီးသွားနေတုန်း
ပြည်သူ ဖင်တွေအတွက်
ဖယ်ဒရယ် စနစ်ကို အကောင်အထည်ဖော်ဖို့်ဆိုရင်
ပြည်သူတွေရဲ့ အသံကို
နားထောင်သင့်တယ် မဟုတ်လား
မူအားဖြင့်သဘောတူထားတဲ့ အတိုက်အခံတွေကတော့
ရွပ်ရွပ်ချွံချွံ ထောက်ခံသွားမယ်လို့ ပြောတယ်
ပြည်သူ့ဖင်တွေ မယိုင်လဲဖို့အတွက်
အမျိုးသားရေးဝါဒ ဟာ ဆဌမ ဒေါက်တိုင်ပဲ
စစ်မှန်သော X X X နိုင်ငံ
အုတ်မြစ်မချနိုင်ရခြင်း အကြောင်းကလည်း
ပြည်သူ့ဖင်တွေ အားကောင်းမောင်းသန် မဖြစ်သေးတာကလည်း တစ်ကြောင်းပေါ့
ပါတီချင်းပေါင်းပြီး ပူဖောင်းမှုတ်လိုက်တော့
ပီတာဟာ ပြည်သူ့မျက်နှာကို ထောက်ထားပြီး
ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရောက်ရှိသွားတယ်
အင်စတီကျုးရှင်းတွေ ထွန်းကားလာဖို့အတွက်
ပြည်သူရဲ့ ပေါင်ထဲကို သံတစ်ချောင်း
ပြည့်သူ့ ဖင်ထဲကို သံတစ်ချောင်း
ရိုက်သွင်းပေးလိုက်ကြတယ်

မုန်တိုင်းထဲ မုန်ယိုနေတဲ့
မျောက်တွေအတွက်
ပြည်သူ့ဖင်များ သမိုင်း ရေးဖွဲ့ရေးကော်မတီ
ဖွဲစည်းပေးလိုက်ရတယ်
မဟာမိတ်တွေ ဝင်လာတဲ့အထိ
ဘာလုပ်ရမှန်း မသိတဲ့ ပြည်သူတွေဟာ
မဟာ သီချင်းကိုပဲ သံပြိုင်ဆိုနေရတာပေါ့
ဘယ်လိုလုပ်ရင် အပေါက်အလမ်းတည့် မှာလဲ ဆိုတဲ့ ပြည်သူရဲ့ မေးခွန်းကို
ဘယ်ကော်မတီကမှ အသိအမှတ်မပြုခဲ့ကြဘူး
ပြည်သူတွေဟာ
ခရိုနီတောင်ကမ်းပါး နဲ့၊အာဏာရ အတိုက်အခံတွေ ပွတ်တိုက်မှုကြောင့်
ပေါက်ပြဲသွားတဲ့ ရာဘာအစွပ်ပေါ့
ခေတ်မကောင်းသေးလို့
အံကြိတ်ခံနေရတဲ့ ပြည်သူဟာ
အရပ်ဖက် အဖွဲ့အစည်းတွေအတွက်
အဖက်ဖက်က ရပ်တည်ပေးနေရတာလည်း
တာဝန်တစ်ရပ်ပဲ
နောက်ကြောင်းမပြန်ဖို့
နောက်တစ်ကြောင်းပြန်ပေးခဲ့ရတာလည်း
ပြည်သူတွေအတွက်တော့ အကြွင်းမဲ့ စံနှုန်း
ကိုယ်ကောင်းတိုင်း ခေါင်းပဲငြိမ့်နေတတ်တော့ကာ
ခေတ်အဆက်အဆက်တိုင်း
ပြည်သူနဲ့ ဖင်၊ ဖင်နဲ့ ပြည်သူ ခွဲခြားမရတာ
ကုန်းဘောင်ခေတ်နှောင်းကတည်းက
စလာတာလို့
ပြောသံကြားဖူးတာပဲ။

မောင်ဖုန်းမြင့်
January 22, 2014